United :: We need to Change

Yesterday there are other matches of FA Cup Round 4 th played. There are big teams, big matches like Newport vs Manchester United and Liverpool vs Norwich. Both Premier league Teams won their matches. But I want to talk about our Man United.

Liverpool play with Norwich (from Championship) and United play with Newport ( from League two, not from Championship and not from League one). Our Team playing style isn't good. They didn't perform as we expect. Sometime we don't know what is Ten Hag doing? Most of the player need to improve. We didn't see Man United DNA from them.

We need to repair, rebuild and upgrade our Team. If we didn't we will lose our last only one hope FA Cup. Come on United do it.

FA Cup 4 th Round ကတော့ ပြီးသလောက် ရှိသွားခဲ့ပြီ ဖြစ်၏။ ဘလက်ဘန်းနှင့် ဝက်ဇ်ဟမ်းတို့၏ ပွဲစဉ်တပွဲသာ ကျန်၏။ 5 th Round တက်ရောက်သွားသည့် အသင်းတွေ ပေါ်ထွက်လာသလို အရှုံးအနိုင် အဖြေမပေါ်လို့ ပြန်ကန်ရဦးမည့် အသင်းတွေလည်း ရှိ၏။ မနေ့ကတော့ နယူးပေါ့နှင့် မန်ယူနိုက်တက်၊ လီပါပူးနှင့် နော့်ဝစ်တို့ ပွဲစဉ်တွေ ကစားသွားခဲ့၏။ မန်ယူကော လီပါပူးကော ပြိုင်ဖက်တွေကို ကိုယ်စီ အနိုင်ရယူသွားခဲ့၏။ ဒါပေမယ့် ပြောစရာတွေတော့ ရှိနေ၏။

နော့်ဝစ်က ချန်ပီယံရှစ်မှာ ကစားနေပြီး နယူးပေါ့က လိဂ်တူးမှာ ကစားနေသော အသင်းတွေ ဖြစ်၏။ လီပါပူးနှင့် ပတ်သက်ပြီး ထွေထူး ပြောစရာ မရှိပေမယ့် ယူနိုက်တက်နှင့် ပတ်သက်ပြီးတော့ ပြောချင်မိ၏။ သူတို့နှင့် ကစားရသည့် အသင်းက ချန်ပီယံရှစ် မပြောနဲ့ လိဂ်ဝမ်းကကို မဟုတ်ပေ။ လိဂ်တူးက အသင်းငယ်လေးကို အရင် ၂ ဂိုး သွင်းထားပြီးမှ ဟိုက ၂ ဂိုး ပြန်သွင်းလို့ အနိုင်ဂိုးရဖို့ အတော်လေး ကြိုးစားပြီး ကစားခဲ့ရ၏။ (၂-၄) ဂိုးဖြင့် အနိုင်ရခဲ့တယ် ဆိုပေမယ့်လည်း အထင်ကြီးစရာ မရှိနေပေ။

မတော်လို့ သရေသာကျသွားကြည့်ပါလား ပိုလို့ပင် ဆိုးသွားပေလိမ့်မယ်။ အသင်းက ဘာတွေများ မှားနေသည် မသိပေ။ တန်ဟက်ကလည်း ဟုတ်မလိုလိုနှင့် ခုထိ လွဲနေတုန်းပင်။ ကစားသမားတွေ အနေဖြင့်လည်း အားရစရာ မရှိနေပေ။ ဒီအသင်းက ပြုပြင် ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့ လိုအပ်နေပြီ။ ဒီပုံစံ ဒီခြေစွမ်းနဲ့ဆိုရင် လောလောဆယ် နောက်တဆင့် တက်သွားပေမယ့် နောက်ထပ် နောက်ထပ် အဆင့်တွေမှာဆိုရင် မလွယ်ပေ။ လက်ကျန် ဖလားတလုံး မျှော်လင့်ချက် ဖြစ်သည့် FA ဖလားပင် မသေချာတော့သည့် အနေအထားဟု မြင်မိ၏။

ဒီနေ့မှာ အာရှဖလား 16 သင်းအဆင့် ရှုံးထွက် ပွဲစဉ်များနှင့် အာဖရိကဖလား 16 သင်းအဆင့် ရှုံးထွက် ပွဲစဉ်များလည်း ရှိနေသေး၏။ ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် မနက် 2 နာရီဝန်းကျင်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်များ ကစားဖို့ ရှိ၏။ ကြည့်ရှု အားပေးပါဦးမည်။



0
0
0.000
2 comments