Victory Korea


(Photo from Korea football teamFacebook Page)

Yesterday there are Asian Cup Quarter Final stage played, Tajikistan vs Jordan and Australia vs South Korea. Jordan won Tajikistan with (0-1) and Korea won Australia with (1-2) at extra time.

Korea play well but they need to build better playing style and good finishing. There is no doubt they really try hard. They never cop out till the final whistle. That is why they win the game. Let see they can also pass Jordan at Semi Final stage.

Today there are 4 EPL matches (week 23) also played. Enjoy your favorite matches. See you tomorrow guys.

မနေ့က အာရှဖလား ကွာတားဖိုင်နယ် ပွဲစဉ် ၂ ပွဲ ကစား၏။ ဒီနေ့မှာလည်း ကွာတားဖိုင်နယ် ပွဲစဉ် ၂ ပွဲ ကစားမည် ဖြစ်၏။ မနေ့က တာဂျစ်ကစ္စတန်နှင့် ဂျော်ဒန်၊ ဩစတေးလျနှင့် ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြ၏။ ဂျော်ဒန်က တာဂျစ်ကစ္စတန်ကို (၀-၁) ဖြင့် အနိုင်ရယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့၏။

နောက်ပွဲစဉ်ကတော့ ကျနော် ပြော၊ ထင်မှတ်ခဲ့သည့်အတိုင်း အကြိတ်အနယ် အပြန်အလှန် ရှိလှ၏။ ပြောရမှာကတော့ ကိုရီးယားအသင်း ဖြစ်၏။ ဒီအသင်းက အချိန်ပိုတွေ၊ ပင်နယ်တီတွေ အတော်ကြိုက်ပုံပင်။ ရှေ့တပွဲ ၁၆ သင်းအဆင့်မှာ အချိန်ပိုတွင်သာမက ပင်နယ်တီ အဆုံးအဖြတ်ထိပါရောက်သွား၏။ ဒီနေ့ပွဲကတော့ အချိန်ပိုဖြင့်သာ ရပ်သွားသဖြင့် ရှာကြံ ကျေးဇူးတင်ရပေလိမ့်မည်။

ထို့ပြင် နောက်တချက်က ပြိုင်ဘက် အသင်းကချည်း အရင် ဦးဆောင်ဂိုး သ္ငင်း၏။ ကိုရီးယားအသင်းက နောက်ကနေကို ပြန်လည်ချေပပြီး လိုအပ်နေသည့် နိုင်ပွဲကို ရယူနိုင်ခဲ့၏။ ကိုရီးယားအသင်းက ကစားပုံ ကောင်းပေမယ့် လိုတော့ လိုနေသေး၏။ ဆီမီးဖိုင်နယ် အဆင့်မှာတော့ ဂျော်ဒန် အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်၏။ ဒီနေ့လည်း အခြား အာရှဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ ကစားကြမည် ဖြစ်၏။

အီရန်နှင့် ဂျပန်၊ ကာတာ နှင့် ဥဇဘတ်ကစ္စတန်တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ ၂ ပွဲလုံးက ပွဲကောင်းဆိုပေမယ့် ကျနော်ကတော့ အီရန်နှင့် ဂျပန်ပွဲကို ပိုပြီးသဘောကျ၏။ ဂျပန်နှင့် ကာတာတို့ ဆီမီးဖိုင် အဆင့်သို့ တက်ရောက်သွားနိုင်မည် ထင်မိ၏။

ဒီနေ့မှာ EPL ပွဲစဉ် (၄) ပွဲ ကစားသွားဖို့ ရှိ၏။ ပွဲစဉ် 23 ၏ အကောင်းဆုံးပွဲစဉ် အဖြစ် အာဆင်နယ်နှင့် လီပါပူးတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ လီပါပူးတို့ ဆက်လက် အနိုင်ယူမလားကတော့ စောင့်ကြည့်ရပေလိမ့်မယ်။ ရှေ့တပတ်တုန်းက လီပါပူးက ချယ်လ်ဆီးကို (၄-၁) ဖြင့် အနိုင်ရသွားခဲ့၏။ လီပါပူးတို့ အဖို့ ပွဲကြပ်ကာလလို့ ပြောလို့ရ၏။

ကဲပါ အာရှဖလားပွဲကော အခြား လိဂ်ပွဲတွေကော ကြည့်ရှု အားပေးလိုက်ရအောင်ဗျာ။



0
0
0.000
5 comments