We Are Quarter Final List

Man United အမျိုးသားအသင်း အနေဖြင့် ချန်ပီယံလိဂ် ပွဲစဉ် မကစားရပေမဲ့ အမျိုးသမီးအသင်းကတော့ Round of 16 အဆင့်မှာ Atletico Madrid အသင်းကို ၂ ကျော့ပေါင်း (၅-၀) ဖြင့် အနိုင်ရပြီး နောက်တဆင့် တက်လှမ်း သွားခဲ့လေ၏။ ပထမကျော့ အဝေးကွင်း ပွဲစဉ်မှာ (၀-၃) ဖြင့် လည်းကောင်း၊ ဒုတိယကျော့ အိမ်ကွင်းမှာ (၂-၀) ဖြင့် လည်းကောင်း အနိုင်ရကာ Quarter Final အဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ Quarter Final မှာ ဂျာမန်ကလပ် Bayern Munchen အမျိုးသမီးအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်၏။
အမျိုးသမီးအသင်း အရေအတွက်က နည်းသဖြင့် အုပ်စုအဆင့်မှာ ၈ ပွဲအစား ၆ ပွဲသာ ကစား၏။ အမျိုးသားအသင်းတွေမှာတော့ ၈ ပွဲ ကစားကြ၏။ အမျိုးသားအသင်း အုပ်စု အနေဖြင့် ၃၆ သင်း ရှိပြီး အမျိုးသမီးအသင်း အနေဖြင့် ၁၈ သင်းသာ ရှိလေ၏။ ထို့ကြောင့် ဇယားထိပ်ဆုံးရသည့် ၄ သင်းက Quarter Final အဆင့်သို့ တိုက်ရိုက် တက်လှမ်းရမည် ဖြစ်ပြီး အဆင့် ၅ မှ ၁၂ အသင်းတွေကတော့ Round of 16 အဆင့် ကစားရမည် ဖြစ်၏။

Man United အမျိုးသမီးအသင်း အနေဖြင့် ၆ ပွဲကစား ၄ ပွဲနိုင် ၂ ပွဲရှူံး ရမှတ် ၁၂ ဖြင့် အဆင့် ၆ နေရာမှာ ရပ်တည်ထားနိုင်ခဲ့၏။ ခု Round of 16 အဆင့်မှာ စပိန်ကလပ်အသင်း Atletico Madrid အမျိုးသမီးကို ဖြတ်ကျော်ကာ Quarter Final အဆင့်သို့ တက်လှမ်း လာနိုင်ခဲ့ခြင်း ဖြစ်၏။ United အမျိုးသမီးအသင်း အနေဖြင့် ယခုနှစ်မှ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် ရခဲ့ခြင်း ဖြစ်၏။ Bayern Munchen အသင်းနှင့် မတ်လ ၂၅ အိမ်ကွင်းမှာ ပထမကျော့ အေပရယ် ၁ အဝေးကွင်းမှာ ဒုတိယကျော့ အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။
United အမျိုးသမီးအသင်း အနေဖြင့် WSL မှာ အဆင့် ၂ နေရာမှာ ရပ်တည်နေ၏။ အဆင့် ၁ နေရာမှာ Man City အမျိုးသမီးအသင်းက ၈ မှတ်ဖြတ်ကာ ရပ်တည်နေ၏။ လက်ရှိမှာ ပွဲစဉ် ၁၆ ပွဲထိ ကစားထားပြီး ဖြစ်၏။ ၂၂ ပွဲ ကစားရမှာ ဆိုတော့ ၆ ပွဲသာ ကစားဖို့ ကျန်တော့၏။ ၈ မှတ်ကွာ အနေအထားဆိုတော့ WSL ချန်ပီယံဆုကို City တို့ ရယူသွားဖို့ အခွင့်အရေးပိုများတာ မှန်ပေမယ့် ကျန်ရှိနေသေးသည့် ပွဲစဉ်တွေက ဘာမဆို ဖြစ်သွားနိုင်နေပါသေး၏။
United အမျိုးသမီးအသင်း အနေဖြင့် ၈ ပွဲဆက်တိုက် နိုင်ပွဲရအောင် စွမ်းဆောင်ထားပြီး။ တနေ့က ပွဲစဉ်မှာ ဂိုးသွင်းပြီး အောင်ပွဲခံတော့ ဆံပင်ညှပ်သည့် ပုံစံဖြင့် အောင်ပွဲ ခံပြသွားခဲ့၏။ အိမ်း သူစိမ်းအသင်း မပြောနဲ့ အချင်းချင်းကတောင် ပြန်လည် စနောက်ခြင်းကို United တို့ ခံနေရ၏။ ၅ ပွဲဆက်တိုက် အနိုင်ရဖို့က ဘာလိုများ ခက်ခဲနေပါလိမ့်။
(photos from Man United women page)