We Draw

avatar

ဒီနေ့ မနက် တရေးနိုး၏။ United ပွဲ ရှိတဲ့ရက်မှ တရေးနိုးနိုးနေတာ သိပ်တော့ မဟုတ်သေးပေ။ နို့ပေမယ့် ကံကောင်းပါ၏။ မနက် 4 နာရီခွဲမှ နိုးခြင်း ဖြစ်၏။ နာကျင်အချိန်ပိုတောင် ရောက်နေခဲ့ပြီ။ 4-4 သရေကျနေ၏။ ဘယ်လိုတွေတောင်လဲ။ ဒုက္ခ ပေးနေကြ Bournemouth က တကယ်ကြီး ဒုက္ခ ပေးနေခဲ့၏။ ပြီးခဲ့သော ရာသီတွေတုန်းကလို မရှုံးနေတာဘဲ ဝောာ်သေးဟု ပြောရမယ်။ မိနစ် အနည်းငယ် ကျန်နေသေးသမို့ သွားကြည့်မိလိုက်သေး၏။

နာကျင်အချိန်ပို 8 မိနစ် ပေးထား၏။ ကျနော် ကြည့်တော့ 96 ‌မိနစ် ရောက်နေပြီ။ ကျန် နှစ်မိနစ်လေးမှာတင် Bournemouth က Big Chances 2 ကြိမ်တိတိရ၏။ United ဂိုးသမား Lammens လက်စွမ်းပြ ကာကွယ် သွားနိုင်ခဲ့လို့သာပေါ့။ နို့ဆို United ရှုံးသွားနိုင်၏။ United လည်း ဘာဖြစ်လို့ ဖြစ်နေမှန်းကို မသိပေ။ ဇယားထိပ်ပိုင်း တက်‌ရမှာ ကြောက်လို့ တမင်များ သရေတွေ ကန်ပစ်နေလား မသိပေ။ ရသင့်တဲ့ အမှတ်တွေသာ ရအောင် ယူနိုင်ခဲ့မယ် ဆိုရင် ခုချိန် အဆင့် 1 တောင် ဖြစ်နေလောက်ပြီ။

အဆင့် 5 နေရာ မသွားချင်လို့ 6 မှာပဲ နေနေခဲ့၏။ United က Liverpool နဲ့ မခွဲချင်ဘူး ထင်ပါရဲ့။ Liverpool က အဆင့် 7 နေရာမှာ ရပ်တည်နေ၏။ EPL တခုပဲ အာရုံစိုက်စရာ ရှိသည့် United အနေနဲ့ ဒီထက်ပိုသည့် အဆင့် အနေအထားမှာ ရှိနေသင့်၏။ ဘာပဲ ပြောပြော မရှုံးတာကိုပဲ ကျေးဇူးတင်ရပေလိမ့်မည်။

နောက်ပိုင်း United ပွဲတွေ သိပ်မကြည့်ဖြစ်ပေ။ ညနက်နှင့် သန်းခေါင်ကျော်တွေ ဖြစ်နေတော့ မကြည့်ဖြစ်တော့ပေ။ စိတ်ချမ်းသာရလို့ အိပ်ပျက်ခံ ကြည့်ဆို တန်သေး။ ခုလိုဆိုရင်တော့ အိပ်ရေးပျက်တာသာ အဖတ်တင်ပေလိမ့်မည်။ ကောင်းလာနိုး ကောင်းလာနိုးတဲ့ ဒီအတိုင်းကြီးပဲ ဒီဓါတ်ပြားကြီးပဲ ထပ်တလဲလဲ ဖွင့်နေခဲ့ရတော့ မပျော်တော့ပေ။

(photos from Premier League Page)



0
0
0.000
0 comments