We Draw

EPL Round 26 ပွဲစဉ်များကို ကြားရက်တွေမှာ ကစားသွားခဲ့၏။ ဒီနေ့ မနက် အစောပိုင်းမှာ ၄ ပွဲ၊ နက်ဖြန်မှာ ၅ ပွဲ၊ သဘက်ခါမှာ ၁ ပွဲ ကစားကြရမည် ဖြစ်၏။ ဒီနေ့မနက် ကစားသွားသည့် ၄ ပွဲမှာ ၂ ပွဲ သရေကျပြီး ၂ ပွဲ အနိုင်အရှုံး ရလဒ် ထွက်ပေါ်ခဲ့၏။ ဧည့်သည်အသင်းတွေ နိုင်ပွဲရသွားကြ၏။ Everton vs Bournemouth ပွဲစဉ်မှာ ၁-၂ ဖြင့် Bournemouth က နိုင်ပြီး Tottenham vs New Castle ပွဲစဉ်မှာ New Castle က ၁-၂ ဖြင့် အနိုင်ရသွားခဲ့၏။

Chelsea vs Leeds ပွဲစဉ်မှာတော့ ၂-၂ သရေကျသွားခဲ့၏။ နောက်ထပ် သရေပွဲကတော့ Man United ၏ ပွဲစဉ် ဖြစ်၏။ West Ham vs Man United ၏ ပွဲစဉ် ဖြစ်၏။ တဖက် ၁ ဂိုးစီ သရေကျသွားခဲ့၏။ Michael Carrick လက်ထပ်မှာ၅ ပွဲဆက် နိုင်ပွဲရမယ့် အခြေအနေအစား ၄ ပွဲနိုင်ပြီး ၁ ပွဲသရေ ရလဒ်သာ ဖြစ်သွားခဲ့လေ၏။ ဆံပင်ညှပ်တော့မယ့် United ပရိတ်သတ်လည်း ၁ ပွဲ အလိုရောက်ခါမှ အစက ပြန်စရလေတော့၏။

တန်းဆင်းဇုန် ဖိအားကြောင့် West Ham တို့ အိမ်ကွင်းမှာ အကောင်းဆုံး ခုခံ ကစားခဲ့သည့် ပုံပင်။ United ထံကနေ သူတို့ အမှတ် ခွဲဝေယူသွားခဲ့၏။ အမှန်တော့ West Ham က ခွဲဝေ ယူတာထက် United က ခွဲဝေ ယူတာဆို ပိုပြီးတော့ မှန်ပေလိမ့်မည်။ မိနစ် ၅၀ မှာ West Ham တို့ ဦးဆောင်ဂိုး စရ၏။ နာကျင်အချိန်ပို ၉၀+၆ မိနစ် ရောက်ခါမှ United တို့ ချေပဂိုး ပြန်လည် သွင်းယူ နိုင်ခဲ့ခြင်း ဖြစ်၏။

United သရေ ကျခဲ့ပေမဲ့ ကပ်လျက် Chelsea ကလည်း သရေဆိုတော့ အမှတ်ပေး ဇယား အပြောင်းအလဲ မရှိသေးပေ။ United အနေဖြင့် နိုင်ပွဲဆက်နေမှု ရပ်တည့်သွားပေမဲ့ ၅ ပွဲဆက် ရှုံးပွဲ မရှိသေးသည့် မှတ်တမ်းတခုကိုတော့ ရယူနိုင်ခဲ့၏။

နက်ဖြန် ၅ ပွဲမှာ Aston Villa vs Brighton, Man City vs Fulham, Sunderland vs Liverpool အစရှိသည့် ပွဲစဉ်တွေလည်း ပါဝင်နေ၏။ Aston Villa & Man City တို့က Arsenal ကို ဆက်လက်၍ ဖိအား ပေးနိုင်ဖို့ Liverpool က Man United & Chelsea အသင်းတို့ သရေကျမှုကို အခွင့်အရေး ရယူနိုင်ဖို့ ကြိုးစားရမည် ဖြစ်၏။

(photos from Premier League Page)



0
0
0.000
0 comments