We Got 3 Points

စနေနေ့ရဲ့ အစောဆုံးပွဲစဉ်ကတော့ ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးသွားခဲ့၏။ Brentford အနေဖြင့် Chelsea ၏ နေရာကို မရယူလိုသဖြင့် Fulham ကို အနိုင်မကန် ဂိုးပါမသွင်း သရေ တမှတ်သာ ယူသွားခဲ့လေ၏။ အင်မတန် သဘောထားကြီးသည့် ပျားများပါလေ။ သူတို့ နှစ်သင်း၏ သရေ ရလဒ်ကြောင့် အမှတ်ပေးဇယားက ပိုနေမြဲ ကျားနေမြဲ ဘာမှ မပြောင်းလဲပေ။ နို့ပေမဲ့ သူတို့ကြောင့် မဟုတ် အခြား အသင်းတွေ၏ အခြေအနေ ရလဒ်တွေကြောင့် အမှတ်ပေးဇယား ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့၏။

ပြီးခဲ့သော တပတ် အဝေးကွင်းမှာ United ကို ၁-၂ ဖြင့် အနိုင်ရခဲ့သည့် Leeds အနေနဲ့ ဒီတပတ် အိမ်ကွင်းမှာ Wolves ကို ၃-၀ ဖြင့် အနိုင်ရသွားခဲ့၏။ ယခု နိုင်ပွဲကြောင့် Leeds အနေဖြင့် တန်းဆင်းဇုန် အငြင်းအခုန်ထဲ ရောက်သွားရဖို့ သိပ် မဖြစ်နိုင်တော့ပေ။ Nottm Forest, West Ham & Tottenham တို့သာ ကျန် တနေရာ အတွက် တွန်းထိုးသွားရဖို့ ရှိနေ၏။

EPL ၁၂ ပွဲ ဆက် ရှုံးပွဲ မရှိထားတဲ့ Bournemouth က ဒီတပတ်မှာလည်း အဝေးကွင်းမှာ New Castle ကို ၁-၂ ဖြင့် အနိုင်ယူပြီး ၁၃ ပွဲ ဆက် ရှုံးပွဲ မရှိ စံချိန်ကို ရယူသွားခဲ့၏။ ခုလို စံချိန်တွေ၊ ရလဒ်ကောင်းတွေ ရယူထားနိုင်ပေမဲ့ Bournemouth နည်းပြ Andoin Iraola အနေဖြင့် ယခုရာသီကုန်ရင် အသင်းကနေ ထွက်ခွာသွားတော့မည် ဆို၏။ ဝမ်းနည်း စရာပင်။

မိုးထဲရေထဲ ရောက်နေသည့် Tottenham အနေဖြင့် အိမ်ကွင်းမှာ Brighton ကို ၂-၂ သရေကျသွားခဲ့၏။ ကိုယ်က ဦးဆောင်ဂိုးတွေ အရင်သွင်းပေမဲ့ ဧည့်သည်အသင်းကလည်း နောက်ကနေ တောက်လျောက် ချေပခဲ့လေ၏။ အနိုင် ၃ မှတ် မရဘဲ သရေ ၁ မှတ်သာ ရခဲ့သည်မို့ အဆင့် ၁၈ မှာပဲ ဆက်လက်ပြီး ရပ်တည်နေခဲ့၏။ Man United အနေဖြင့် Chelsea ကို အဝေးကွင်းမှာ ၀-၁ ဖြင့် အနိုင်ရပြီး အဆင့် ၃ နေရာကို ဆက်လက်၍ ထိန်းထား၏။ United အတွက် တလုံးထဲသော အနိုင်ဂိုးကို ၄၃ မိနစ်မှာ Cunha က သွင်းယူပေးသွားခဲ့ခြင်း ဖြစ်၏။

စနေနေ့ ပွဲစဉ်များ အပြီးမှာ ရင်ခုန်ဖို့ကောင်းသည့် တနင်္ဂနွေပွဲစဉ်များ စောင့်ကြိုနေ၏။ မာဆေးဆိုက် ဒါဘီ ဖြစ်သည့် Everton vs Liverpool, EPL ချန်ပီယံ အတွက် အဆုံးအဖြတ် ပွဲစဉ်ဟု ဆိုနိုင်လောက်သည့် Man City vs Arsenal တို့၏ ပွဲစဉ်တွေနှင့် အခြား စိတ်ဝင်စားဖွယ် ပွဲစဉ်များကို ကြည့်ရှုသွားရဖို့ ရှိနေပါ၏။

(photos from Premier League Page)



0
0
0.000
1 comments
avatar

Sending you some Ecency curation votes!

Thanks for using Ecency!

0
0
0.000