We Qualified
ဒီ စနေမှာတော့ EPL အစား WSL ဖက်ကိုပဲ အရင် ဦးစားပေး ပြောလိုက်ရအောင်။ EPL ကိုကတော့ Super Sunday ပွဲစဉ်များ ကစားပြီးမှပဲ All Matches review အနေဖြင့် ပြောကြတာပေါ့။ WSL (Women Super League) အနေဖြင့် ဒီနေ့ ပွဲစဉ်များက ရာသီပိတ် နောက်ဆုံးပွဲစဉ်များ ဖြစ်၏။ ရာသီပိတ် ပွဲစဉ်များ ဖြစ်ပေမယ့် ရင်ခုန် စိတ်လှုပ်ရှားစရာတော့ မရှိတော့ပေ။ ချန်ပီယံ အသင်း ခပ်စောစော အဖြေထွက်ခဲ့သလို တန်းဆင်းရမည့် အသင်းလည်း စောစောစီးစီးပဲ ထွက်ပေါ်သွားခဲ့ပြီ ဖြစ်၏။
တကယ်တော့ Round 22 (ရာသီသိမ်း ပွဲစဉ်များ) ထက်စာရင် Round 21 ပွဲစဉ်တွေက ပိုကြည့်ကောင်းခဲ့၏။ အထူးသဖြင့် Man United women vs Man City women တို့ရဲ့ Derby ပွဲစဉ်ပေါ့။ အဆိုပါ ပွဲစဉ်က နောက်ရာသီ women champion League ဝင်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ WSL ချန်ပီယံ Chelsea women က တိုက်ရိုက်ဝင်ခွင့်ရမှာ ဖြစ်ပြီး။ အဆင့် ၂ နဲ့ ၃ ကတော့ playoff ကစားခွင့်ရမှာ ဖြစ်ပါတယ်။ အဆင့် ၂ က Arsenal အဆင့် ၃ က Man United ပါ။
အဆင့် ၃ Man United နဲ့ အဆင့် ၄ Man City က Round 21 မတိုင်ခင်မှာ 4 မှတ် ကွာနေပါတယ်။ City သာ Round 21 မှာ အနိုင်ရသွားမယ်ဆိုရင် 1 မှတ်သာ ကွာမှာ ဖြစ်ပြီး Round 22 ပွဲစဉ်တွေက ကြည့်ကောင်းသွားနိုင်ပါတယ်။ Round 22 မှာက Arsenal vs Man United, Man City vs Crystal Palace ဆိုတော့ Man City အတွက် အခြေအနေ ပိုကောင်းနေပါတယ်။ Crystal Palace က တန်းဆင်းသွားခဲ့ရပြီးပြီမို့ City သာ အနိုင် 3 မှတ်ရယူနိုင်ခဲ့မယ် ဆိုရင်၊ ပြီး United ကသာ Arsenal ကို သရေ၊ သို့မဟုတ် ရှုံးသွားခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ကို City တို့ ရသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် Round 21 Manchester Derby ပွဲစဉ်က ပိုအသက်ဝင် ပိုပြီး ကြည့်ကောင်းခဲ့တာပါ။ City တို့က အနိုင်ရမှကို ဖြစ်မှာမို့ ပွဲစကတည်းက ဖိကစား ခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေလည်း ရယူနိုင်ခဲ့ပါတယ်။ 2 ဂိုးပြတ်နဲ့ကို ဦးဆောင်ထားတာပါ။ 38 နဲ့ 42 မိနစ်တွေမှာ ဦးဆောင်ဂိုးတွေ သွင်းယူခဲ့တာပါ။ ဒါပေမယ့်လည်း United တို့ အကောင်းဆုံး ပြန်လာ နိုင်ခဲ့ပါတယ်။ 45 မိနစ်နဲ့ 68 မိနစ်တွေမှာ ချေပဂိုးတွေ ပြန်လည် သွင်းယူပြီး သရေရလဒ် ရအောင် စွမ်းဆောင်ခဲ့ပါတယ်။
69 မိနစ်မှာ United တို့ တယောက် ထုတ်ခံလိုက်ရပါတယ်။ လက်ကျန် မိနစ် 20 လောက်ကို တယောက်လျော့နဲ့ အကောင်းဆုံး ခံကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို အရယူသွားခဲ့ပါတယ်။
Round 22 Arsenal vs United ပွဲစဉ်က အရေးသိပ်မပါတော့ဘူး ဆိုပေမယ့် ဂုဏ်သိက္ခာပိုင်းအရ ကစားကြမယ့် ပွဲစဉ် ဖြစ်ပါတယ်။ အမှတ်ကလည်း 1 မှတ်ပဲ ကွာတာပါ။ Arsenal က ချန်ပီယံလိဂ် ဖိုင်နယ်၊ United က FA Cup ဖိုင်နယ်တွေ ကစားကြရဖို့ ရှိနေပါသေးတယ်။ Arsenal ကပဲ အဆင့် ၂ ကို အရယူမလား၊ ဒါမှမဟုတ် United ကပဲ ကျော်တက်သွားမလားကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
(photos from Manchester United women Team page)
!hiqvote