What Going on Liverpool

EPL Round 11 ပွဲစဉ်များ ကစားအပြီးမှာ အမှတ်ပေးဇယား အနည်းငယ် အပြောင်းအလဲ ဖြစ်သွားခဲ့၏။ စနေနေ့ ပွဲစဉ်များ အပြီးမှာ သိသာမှု မရှိသေးပေမယ့် တနင်္ဂနွေနေ့ ပွဲစဉ်များ အပြီးမှာတော့ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့၏။

Arsenal အနေဖြင့် Sunderland နဲ့ သရေကျသွားခဲ့တာရယ် Chelsea, Man City တို့က နိုင်ပွဲတွေ ကိုယ်စီ ရယူနိုင်ခဲ့ခြင်းကြောင့် အမှတ်ကွာဟချက် သိပ်မရှိတော့ပေ။ အဆင့် 1 Arsenal က 26 မှတ်၊ အဆင့် 2 Man City က 22 မှတ်၊ အဆင့် 3 Chelsea က 20 မှတ် ရရှိထား၏။ အဆင့် 4 နေရာမှာတော့ Sunderland အသင်းက ရမှတ် 19 မှတ်ဖြင့် ရပ်တည်နေ၏။

အဆင့် 5 မှ 9 အထိအသင်းတွေကတော့ ရမှတ် 18 မှတ်စီဖြင့် ဂိုးကွာခြားချက်အရ အသီးသီး ရပ်တည်နေကြ၏။ Man United အသင်းကတော့ အဆင့် 7 နေရာမှာ ရပ်တည်နေ၏။

နှစ်ပွဲဆက် နိုင်ပွဲကြောင့် ပြန်လာပြီဟု ထင်မှတ်ထားခဲ့တဲ့ Liverpool အနေနဲ့ Man City ကို အဝေးကွင်းမှာ 3-0 ဖြင့် ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရ၏။ လက်ရှိ ချန်ပီယံ Liverpool အနေနဲ့ ဒီရာသီမှာ ရလဒ်ပိုင်း ဆိုးရွားလို့ နေခဲ့၏။ ဈေးကြီးပေး ခေါ်ယူထားသည့် ကစားသမားတွေကို သိပ်ပြီး ထည့်သွင်းအသုံးပြုလေ့ မရှိနေတာကိုလည်း မေးခွန်း ထုတ်နေကြ၏။

Arsenal နှစ်ဟု ယတိပြတ် ပြောဖို့ရာမှာလည်း စောနေသေး၏။ အထူးသဖြင့် ဆောင်းဝင်လာပြီကိုး။ ဒီအချိန် ရောက်ရင် Arsenal အဖို့ သတိထားရမယ့် အချိန် ဖြစ်၏။ November & December လ ပွဲစဉ်တွေမှာ အခြေအနေကောင်းထားမှသာ ချန်ပီယံ ဖြစ်ခွင့် သေချာ ပေလိမ့်မည်။

ကိုယ်တွေ United အနေဖြင့်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရန် အတွက် ဆက်ကစားရမည့် ပွဲစဉ်များကို အကောင်းဆုံး ကစားသွားဖို့ လိုမည် ဖြစ်၏။

(photos from Premier League Page)



0
0
0.000
0 comments