What happened Chelsea

ဒီနေ့ မနက် ၁ နာရီခွဲမှာ EPL Round 34 ပွဲစဉ် ၁ ပွဲ ကစားသွားခဲ့၏။ Brighton vs Chelsea တို့၏ ပွဲစဉ် ဖြစ်၏။ Brighton က ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။ ယခု ရှုံးပွဲကြောင့် Chelsea အနေဖြင့် EPL မှာ ၅ ပွဲဆက် ရှုံးပွဲ အဖြစ် ကြုံတွေ့သွားခဲ့ရပြီ ဖြစ်၏။ Round 29 မှာ Aston Villa ကို အဝေးကွင်းမှာ ၁-၄ ဖြင့် အနိုင်ရပြီး နောက်ပိုင်း ၅ ပွဲဆက်ကို ရှုံးနိမ့်ထားခြင်း ဖြစ်၏။ New Castle ကို ၀-၁၊ Everton ကို ၃-၀၊ Man City ကို ၀-၃၊ Man United ကို ၀-၁၊ Brighton ကို ၃-၀ တို့ဖြင့် ရှုံးနိမ့်ထားခဲ့၏။ ဘယ်သို့ ဖြစ်သွား သနည်း။
UCL ဝင်ခွင့်ကနေ Europa League ဝင်ခွင့်သို့ လျော့ကျ။ ဟော ခုဆို Conference League ကန်ရဖို့သာ ရှိတော့၏။ ဒီအတိုင်း ဆက်သွားရင် Conference League ဝင်ခွင့်မှာ ဆုံးရှုံးသွားရနိုင်၏။ ခု ရှုံးပွဲကြောင့် အဆင့် ၆ နေရာကို Brighton လက်ထဲ လွှဲပြောင်း ပေးလိုက်ရ၏။ Europa ကနေ Conference League ကစားခွင့်သို့ ရောက်သွား၏။ အဆင့် ၈ ကနေ ၁၂ ထိ အသင်းတွေကပါ Chelsea ၏ လက်ရှိ နေရာကို ချိန်းခြောက်နေခဲ့၏။

UCL ဝင်ခွင့် ရနေရမယ့် သို့မဟုတ် UCL ဝင်ခွင့်အတွက် ကြိုးစားနေရမယ့် Chelsea က Europa & Conference League အတွက် ကြိုးစား ရုန်းကန်နေရတယ် ဆိုတာကြီးကတော့ မဖြစ်သင့်ပေ။ မနှစ်က Conference League Champion ဖြစ်ခဲ့ပြီးနောက် Conference League မှာပဲ မင်းမူ ကြီးစိုးဖို့ တွေးနေခဲ့သည်လားတော့ မပြောတတ်တော့ပေ။
United နည်းပြ Michael Carrick နှင့် မရှေးမနှောင်းမှာ Chelsea ကို ကိုင်တွယ်ခွင့်ရခဲ့သည့် နည်းပြ Rosenior ကို ထုတ်ပယ်ပေးဖို့ လေသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လို့ လာနေပြီ ဖြစ်၏။ Man City ကို ၀-၃ ဖြင့် ရှုံးတုန်းကတော့ Chelsea fan တွေကအစ ပျော်နေကြ၏။ နို့ပေမဲ့ ခုလို ရှုံးပွဲဆက်လာတော့ ပျော်ဖို့ မကောင်းတော့ပေ။
Round 35 မှာက Nottm Forest နဲ့ တွေ့ရမှာဆိုတော့ တန်းဆင်းဇုန် ဖိအား ရှိနေသည့် Nottm Forest က Chelsea ကို နောက်ထပ် ရှုံးပွဲ တွေ့စေဦးမလားမပြောတတ်ပေ။ Round 35 မကန်ခင်မှာ FA Cup Semifinal အဖြစ် Leeds အသင်းနှင့် ကစားရမည် ဖြစ်၏။ Round 36 မှာ Liverpool နှင့် အဝေးကွင်း၊ Round 37 မှာ Tottenham နှင့် အိမ်ကွင်း၊ Round 38 မှာ Sunderland နှင့် အဝေးကွင်း ပွဲစဉ်များ ကစားရပေလိမ့်မည်။ လက်ကျန် ပွဲစဉ်တွေက Chelsea အတွက် တကယ် ခက်ခဲပေလိမ့်မည်။
_(photos from Premier League Page)
စိတ်မကောင်းပါဘူး မိချယ်ရေ... 😁
!PIZZA
စိတ်မကောင်းဘူးလည်း ပြောသေး။
ရယ်သံကြီးနဲ့။
$PIZZA slices delivered:
@myanmarkoko(1/5) tipped @donjaun
Learn more at https://hive.pizza.