What happened Tottenham

EPL Round 29 ၏ နောက်ဆုံးပွဲကျန် ၁ ပွဲ ဒီနေ့ မနက် ၂ နာရီခွဲမှာ ကစားသွားခဲ့၏။ Tottenham vs Crystal Palace ဖြစ်၏။ ဧည့်သည် Crystal Palace က Tottenham ကို ၁-၃ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမပိုင်း ၃၄ မိနစ်မှာ Tottenham အသင်း ဦးဆောင်ဂိုး စတင် ရရှိ၏။ ပွဲကို ဦးဆောင်ကစားရမည့် အခြေအနေကနေ ပြောင်းပြန် ဖြစ်သွားစေတာက ၃၈ မိနစ်မှာ Van de Ven တိုက်ရိုက် အနီကဒ်နှင့် အထုတ်ခံရခြင်း ဖြစ်၏။ ပင်နယ်တီပါ ပေးလိုက်ရ၏။

အဆိုပါ ပင်နယ်တီကနေ တဆင့် Crystal Palace တို့ ချေပဂိုး သွင်းယူသွား၏။ ထို့နောက် ၄၅+၁ နှင့် ၄၅+၇ မိနစ်တို့မှာ နောက်ထပ် ၂ ဂိုး ဆက်တိုက် သွင်းယူ သွားခဲ့လေ၏။ ပထမပိုင်းမှာ ကတည်းက ၁-၃ ဖြစ်သွားခဲ့ပြီ ဖြစ်၏။ ဒုတိယပိုင်းမှာလည်း Crystal Palace ကသာ ပွဲကို ထိန်းချုပ် ကစားပြီး အနိုင် ၃ မှတ်ကို ရယူသွားခဲ့လေ၏။

အသင်းတွေက တန်းဆင်းဇုန်မှ ဝေးအောင် ကြိုးစား ရုန်းကန် နေချိန်မှာ Tottenham က တဖြည်းဖြည်း တန်းဆင်းဇုန်နှင့် နီးရာသို့ ဆင်းလာ လေခဲ့၏။ မနှစ်က ၃၈ ပွဲ အပြီးမှာ ၃၈ မှတ်၊ အဆင့် ၁၇ ဖြင့် ရာသီသိမ်းခဲ့၏။ ယခုလည်း ၂၉ ပွဲ ကစားအပြီးမှာ ၂၉ မှတ် ဖြင့် အဆင့် ၁၆ နေရာမှာ ရပ်တည်နေ၏။ အဆင့် ၁၈ က West Ham နှင့် ၁ မှတ်သာ ကွာတော့၏။

EPL မှာ ၁၁ ပွဲ ဆက်တိတိ နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာကတော့ အတော်လေး ဆိုးရွားလှ၏။ ထို့ပြင် နောက်ဆုံး ကစားထားသည့် ၅ ပွဲဆက်တိတိ ရှုံးနိမ့်ထားခြင်းက Tottenham အသင်းကို တန်းဆင်းဇုန်နားသို့ နီးကပ် သွားစေခြင်း ဖြစ်၏။ ဒီတပတ် စနေ၊ တနင်္ဂနွေတွေမှာတော့ EPL ပွဲစဉ်များ မရှိပေ။ လာမယ့် တပတ် ကြားရက်မှာတော့ Atletico Madrid အသင်းနှင့် UCL Round of 16 ပထမကျော့ ပွဲစဉ် ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။

ဒီရာသီ ၂၉ ပွဲ ကစားပြီးချိန်မှာ ၇ ပွဲသာ အနိုင်ရထားပြီး ၈ ပွဲ သရေ၊ ၁၄ ပွဲ ရှုံးနိမ့်ထား၏။ ကြီး ၆ ကြီး စာရင်းဝင် Tottenham အနေဖြင့် ပြီးခဲ့သော ရာသီနှင့် ယခု ရာသီမှာပါ ရလဒ်တွေ ဆိုးရွားနေခဲ့၏။ မနှစ်က EPL မှာ အခြေအနေ ဆိုးခဲ့တယ် ဆိုပေမဲ့ Europa League တော့ ရယူနိုင်ခဲ့ပါသေး၏။ ဒီရာသီမှာလည်း EPL မှာ အခြေအနေ ဆိုးပေမဲ့ Champion League ဖလားကြီးများ အရယူပြနေဦးမလားပေါ့။ လက်ရှိ ခြေစွမ်းနဲ့ကတော့ UCL ချန်ပီယံ ဖြစ်နိုင်မည် မဟုတ်ပေ။

(photos from Premier League Page)



0
0
0.000
0 comments