Who next Round

FA Cup Round 4 ပွဲစဉ်တွေ အကြောင်း ဆက်ပြောကြရအောင်။ EPL အသင်းချင်း တွေ့ဆုံမှုမှာ နောက်တဆင့်တက်တဲ့ အသင်းနှင့် ကျန်ခဲ့တဲ့ အသင်း အစရှိသဖြင့် ထွက်ပေါ်လာခဲ့ပါပြီ။ Aston Villa vs New Castle ပွဲစဉ်မှာ New Castle က ၁-၃ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ပထမပိုင်း ၄၅+၁ မိနစ်မှာ Aston Villa ဂိုးသမား Marco Bizot တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းက ပွဲရဲ့ အလှည့်အပြောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။
ပထမပိုင်း ၁၄ မိနစ်မှာတင် Aston Villa တို့ ဦးဆောင်ဂိုး အရင် ရခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ တယောက် အသာစီး ရထားတဲ့ New Castle က ပွဲကို ထိန်းချုပ်ကစားပြီး လိုအပ်တဲ့ ချေပဂိုး အနိုင်ဂိုးတွေ သွင်းယူလို့ သွားခဲ့ပါတယ်။ New Castle အသင်း အတွက် ဂိုးတွေကို ၆၃၊ ၇၆၊ ၈၈ မိနစ်တွေမှာ သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။
Round 3 မှာ United ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ Brighton တို့ Round 4 မှာတော့ Liverpool ကို မကျော်လွန်နိုင်တော့ပါဘူး။ အိမ်ရှင် Liverpool က ၃ ဂိုးပြတ် အနိုင်ရယူပြီး နောက်တဆင့် တက်သွားခဲ့ပါတယ်။ Liverpool အတွက် ဂိုးတွေကို ၄၂၊ ၅၆၊ ၆၈ မိနစ်မှာ သွင်းယူ သွားခဲ့ပါတယ်။

အခြားလိဂ်က အသင်းတွေနှင့် တွေ့ဆုံခဲ့တဲ့ EPL အသင်းတွေအကြောင်း ပြောကြည့်ရအောင်။ Man City ကတော့ အိမ်ကွင်းမှာ Salford ကို ၂-၀ ဖြင့် အနိုင်ရပြီး နောက်တဆင့် တက်သွားခဲ့ပါတယ်။ League 2 က အသင်းမို့ လူငယ် အရန်ကစားသမား အများစုနှင့် ပွဲထုတ်ပြီး ယှဉ်ပြိုင် ကစားသွားခဲ့ပါတယ်။ တန်းဆင်းဇုန်ထဲရောက်နေတဲ့ West Ham အသင်းကတော့ League 1 အသင်း တသင်း ဖြစ်တဲ့ Burton Albion ကို ၀-၁ ဖြင့် အနိုင်ရပြီး နောက်တဆင့် တက်ခဲ့ပါတယ်။ သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ သရေကျနေသဖြင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပို ရောက်မှသာ West Ham တို့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
တန်းဆင်းဇုန်ရောက် နောက်ထပ် တသင်း Burnley ကတော့ League 1 အသင်း Mansfield အသင်းကို ၁-၂ ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ပထမပိုင်း ၂၁ မိနစ်မှာ Burnley တို့က ဦးဆောင်ဂိုး အရင် သွင်းခဲ့တာပါ။ ဒါပေမဲ့ Mansfield အသင်းကဒုတိယပိုင်း ၅၃ မိနစ်မှာ ချေပဂိုး မိနစ် ၈၀ မှာ အနိုင်ဂိုးတွေ သွင်းယူပြီး နောက်တဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။
ဒီနေ့မှာ Leeds, Wolves, Sunderland, Fulham, Arsenal တို့၏ ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေပါသေးတယ်။ ဘယ်အသင်းတွေ နောက်တဆင့် တက်သွားမလဲက ရင်ခုန်စွာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
(photos from Emirates FA Cup page)
⚠️⚠️⚠️ ALERT ⚠️⚠️⚠️
HIVE coin is currently at a critically low liquidity. It is strongly suggested to withdraw your funds while you still can.