Women Super League is Back

avatar

International break ကြောင့် ဒီတပတ်မှာ EPL ပွဲစဉ်များ မရှိပေ။ World Cup qualification ပွဲစဉ်များ ကြည့်ရုံသာ။ နို့ပေမယ့် အဆိုပါ ပွဲစဉ်အများစုက မြန်မာစံတော်ချိန်နဲ့ တွက်ရင် မနက် ၁၂ နာရီ၊ မနက် ၁ နာရီကျော် တွေဆိုတော့ ကြည့်ဖြစ်ဖို့ မသေချာပေ။ UEFA zone တွေဆို ကန်လိုက်ရင် အဲ့အချိန်တွေ ချည်းပင်။ CAF zone ပွဲစဉ်တွေကတော့ နည်းနည်း အဆင်ပြေ၏။ ည ၇ နာရီခွဲ၊ ည ၁၀ နာရီခွဲတွေဆိုတော့ မဆိုးလှပေ။

အဆင်ပြေဆုံးက Conmebol zone ဖြစ်၏။ မြန်မာစံတော်ချိန် အရဆို မနက်ခင်းပိုင်းတွေ၊ မနက် ၆ နာရီ ၈ နာရီအချိန်တွေ ဖြစ်၏။ ထိုအချိန်ကြပြန်တော့လည်း ကြည့်မအား၊ မကြည့်ဖြစ်ပေ။ ထို့ကြောင့် International ပွဲစဉ်များကို မကြည့်ဖြစ်ခြင်း ဖြစ်၏။ လိဂ်ပွဲစဉ်တွေကလည်း မရှိဆိုတော့ အနားရသည်ဟု ပြောလို့ရ၏။ ကံကောင်းချင်တော့ WSL ပွဲစဉ်များ ဒီတပတ်မှာ ပြန်လည် စတင် ကစားကြတော့မည် ဖြစ်၏။

နက်ဖြန် မြန်မာစံတော်ချိန် မနက် ၁ နာရီမှာ Chelsea women vs Man City women အသင်းတို့၏ ပွဲစဉ်နှင့် WSL ကို စတင် ဖွင့်လှစ်မည် ဖြစ်၏။ WSL ရဲ့ အအောင်မြင်ဆုံး အသင်း တသင်း ဖြစ်တဲ့ Chelsea အနေနဲ့ နာမည်ကြီး Man City နဲ့ စတင် ကစားရမည် ဖြစ်၏။ မနှစ်က United ထက် တမှတ်သာလျော့ခဲ့ပြီး UEFA Women Champion League ဝင်ခွင့်နဲ့ လွဲချော်ခဲ့သည့် City တို့ အနေဖြင့် Chelsea ကို မည်သို့ တုန့်ပြန် ကစားသွားမလဲက စိတ်ဝင်စားစရာပင်။

မနှစ်က အဆင့် ၂ နဲ့ ရာသီ သိမ်းခဲ့တဲ့ UEFA Women Champion League ချန်ပီယံ Arsenal အသင်း အနေနဲ့ကတော့ တန်းတက်အသင်း London City Lionesses အသင်းနဲ့ နက်ဖြန် ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေ၏။

United Women အသင်းကတော့ တနင်္ဂနွေနေ့ ညနေ ၅ နာရီခွဲ အချိန် အိမ်ကွင်းမှာ Leicester City Women အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေ၏။ EPL မရှိတော့လည်း WSL ကြည့်တာပေါ့။



0
0
0.000
0 comments