ရှုံးသင့်ပါတယ်လေ
မနေ့က မြန်မာအမျိုးသမီး ဘောလုံးပွဲ ကြည့်ဖြစ်၏။ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးနှင့် ကစားရခြင်း ဖြစ်၏။ အာရှအမျိုးသမီးခြေစစ်ပွဲ ဖြစ်၏။ အနိုင် သို့မဟုတ် သရေကစားဖို့ လိုသည့်ပွဲမှာ မြန်မာအမျိုးသမီး အသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်ကို 2-1 ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့လေ၏။ အုပ်စု နောက်ဆုံးပွဲ ကစားဖို့ ကျန်နေသေးပေမယ့် မြန်မာအသင်း အနေဖြင့် ခြေစစ်ပွဲအောင်ဖို့က မဖြစ်နိုင်တော့ပေ။
ပြီးခဲ့သော အုပ်စု အဖွင့်ပွဲမှာ မြန်မာက တာမက်နစ်စတန်ကို 8-0 ဖြင့်၊ ဘင်္ဂလားဒေ့ရှ်က ဘာရိန်းကို 7-0 ဖြင့် နိုင်ခဲ့၏။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကွဲကတော့ အဆုံးအဖြတ် ပွဲစဉ် ဖြစ်ခဲ့၏။ နိုင်သည့်အသင်းက နောက်တဆင့် တက်ပြီဟု ယတိပြတ် ပြောလို့ရ၏။ ဒီအုပ်စုမှာ ဒီနှစ်သင်းက ပိုသာသည် မဟုတ်လား။
ဖီဖာ အဆင့် သတ်မှတ်ချက်မှာတော့ မြန်မာက ဘင်္ဂလားဒေ့ရှ် ထက် အများကြီးသာ၏။ တကယ် ကစားချိန်မှာတော့ ပြောင်းပြန်တွေ ဖြစ်ကုန်၏။ မြန်မာအသင်းက Normal pass တောင် မမှန်နေပေ။ ဒီကြားထဲ အပေးတွေကလည်း မှားသေး။ ဒုတိယဂိုးဆိုရင် လူပေးမှားရာကနေ ခွင့်ပြုပေးလိုက်ရခြင်း ဖြစ်၏။
အရေးကြီးသည့် ပွဲမှာ နည်းပြ၏ လူထုတ်ပုံကလည်း မှားသည်ဟု ဆိုလို့ရမည်။ ကစားသမားအများစုကလည်း သာမန်ခြေစွမ်းအောက်ကို ရောက်နေခဲ့၏။ လူပေးရမယ့် အလုံး၊ ကန်သွင်းရမယ့် အလုံးတွေမှာ ကြန့်ကြာနေသောကြောင့် နစ်နာခဲ့ရ၏။ ဒိုင် ဆုံးဖြတ်ချက်တွေက မေးခွန်းထုတ်စရာ ရှိခဲ့ပေမယ့် ကိုယ့်အသင်းကကို လိုအပ်ချက်တွေ များနေခဲ့ခြင်း ဖြစ်၏။
သရေကျခဲ့မယ်ဆိုရင်တောင် မျှော်လင့်ချက်ရှိသေး၏။ သို့ပေမယ့် ခုက ရှုံးသွားတာဆိုတော့ မဖြစ်နိုင်တော့ပေ။ ဘင်္ဂလားဒေ့ရှ်က တာမက်နစ်စတန်ကို ရှုံးဖို့က မဖြစ်နိုင်သည့် ကိစ္စပင်။ နောက်တခေါက်ပေါ့ဟုသာ ဖြေသိမ့်ရင်း ပရိတ်သတ်တွေ အချင်းချင်း နှစ်သိမ့်ကြရုံပေါ့။
မကြည့်မိတာ ကြာပါရော။
!LOLZ
!MEME
Credit: lolzbot
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
When I see food I eat it.
Credit: happyme
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: filosof103
Earn Crypto for your Memes @ HiveMe.me!
မကြည့်မိတာပဲ ကောင်းပါတယ်။
ကြည့်မိသူတွေအဖို့ ခံစားနေရတာ။
!hiqvote