Yeah We did It

စနေနေ့ ပွဲစဉ်များ ကစားအပြီးမှာ United အနေဖြင့် အဆင့် ၄ နေရာသို့ ယာယီတက်လှမ်း ထားနိုင်ခဲ့ပြီ ဖြစ်၏။ တခြား အသင်းတွေ ကစားပြီးသွားရင်တော့ အဆင့် ရပ်တည်မှုက အပြောင်းအလဲ ရှိလာနိုင်၏။ မည်သို့ပင် ဆိုစေ နည်းပြ Amorim လက်ထက်မှာ EPL ၃ ပွဲဆက် နိုင်သည့် ရလဒ်လေး ရခဲ့ပြီ။ ၃ ဆက်ပွဲမှသည် နောက်ထပ်လည်း နိုင်ပွဲတွေ ဆက်ဖို့ မျှော်လင့်မိပါ၏။
အိမ်ကွင်းပေမယ့် Brighton နဲ့တွေ့ရင် ရုန်းကန်နေရလေ့ ရှိသည့် United တို့ ဒီတကြိမ်မှာတော့ Brighton ကို အကောင်းဆုံး တုန့်ပြန် ကစားသွားခဲ့၏။ ဦးဆောင်ဂိုးတွေလည်း သွင်းယူနိုင်ခဲ့၏။ ၃ ဂိုးတိတိ သွင်းထားပြီးမှ Brighton က ၂ ဂိုး ပြန်လိုက်သွင်းလို့ ရင်ခုန် သွားရသေး၏။ နာကျင် အချိန်ပိုမှာ Mbeumo က တဂိုး ထပ်မံ သွင်းယူပြီး ၄-၂ ဖြင့် အနိုင်ရလဒ် ရယူသွားခဲ့၏။
နိုင်ပွဲတွေက အသင်းအတွက် အတော်လေး အားဖြစ်စေ၏။ အားနည်းချက်၊ အလွဲ အမှားလေးတွေ ရှိနေသေးပေမယ့် တပွဲထက် တပွဲ ပိုကောင်းလာတာတော့ အမှန်ပင်။ ဒီပုံစံ ခြေစွမ်းကို ထိန်းထားပြီး နိုင်ပွဲတွေ ဆက်လက်ရယူလိုက်ကြရအောင်။

တခြားအသင်းကြီးတွေ အဆင်ပြေနေချိန် United က တလွဲတွေ ဖြစ်၊ ဟော ခု United အဆင်ပြေတော့ အခြားအသင်းတွေ တလွဲတွေ ဖြစ်ကုန်ရော။ Chelsea က Sunderland ကို အိမ်ကွင်းမှာ 1-2 နဲ့ ရှူံးတယ်။ Liverpool က Brentford ကို အဝေးကွင်းမှာ 3-2 နဲ့ ရှုံးနိမ့်သွားခဲ့ရလေ၏။
ထပ်ဆောင်းအချိန်ပို 6 မိနစ် အတွင်း 90+3 မိနစ်မှာ Sunderland တို့ အနိုင်ဂိုး ရသွားခဲ့ခြင်း ဖြစ်၏။ အဆိုပါ နိုင်ပွဲကြောင့် Sunderland အနေဖြင့် အဆင့် 2 နေရာမှာ ရပ်တည်နေခဒ့၏။ Brentford vs Liverpool တို့၏ ပွဲစဉ်ကတော့ အတော်လေး ကြည့်ကောင်းခဲ့၏။ ရှုံးပွဲဆက်နေမှုကို UCL နိုင်ပွဲနဲ့ ရပ်တန့်ပစ်ပြီဟု ထင်မှတ်ခဲ့ပေမယ့် Brentford အိမ်ကွင်းမှာ Liverpool တို့ အနိုင်မယူနိုင်ခဲ့ပေ။
ပွဲစပြီး 5 မိနစ်မှာ ကတည်းက Brentford တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့၏။ EPL Round 6 မှာတုန်းကလည်း အိမ်ကွင်းမှာပဲ United ကို 3-1 ဖြင့် သူတို့ အနိုင်ကစားသွားခဲ့၏။ Mbeumo ထွက်ခွာသွားပေမယ့် အသင်း၏ ပုံစံ မပျက်သွားအောင် သူတို့ တည်ဆောက်ထားနိုင်ခဲ့ကြ၏။
ကဲ ဒီနေ့ Super Sunday မှာ ကျန်တွေ ပွဲတွေ ဆက်ကြည့်လိုက်ရအောင်။
(photos from Premier League Page)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP