ယူနိုက်တက်ကို အနိုင်နဲ့ တွေ့ရစဉ်
အနာပေးလိုက် ဆေးပေးလိုက်နဲ့ဆိုတာ United မှ အစစ်။ ဒီတပတ် EPL Round 5 မှာတော့ Chelsea ကို အိမ်ကွင်းမှာ 2-1 ဖြင့် အနိုင်ရသွားခဲ့၏။ ပြီးခဲ့သော တပတ်က Man City ကို ရှုံးနိမ့်ထားမှုအား ဒီတပတ်မှာ အနိုင်ရယူပြီး ချွေးသိပ်ပေးသွားခဲ့လေ၏။ နောက် Round တွေ ဘယ်လို လာဦးမည် မသိသေးပေ။ ဘာပဲ ပြောပြော အနိုင်ရတော့လည်း ဝမ်းသာရပါတယ်ပေါ့။
နိုင်သာ နိုင်တာ ရင် တထိတ်ထိတ်နဲ့ရယ်။ ပွဲစပြီး 5 မိနစ်မှာ ကတည်းက Chelsea ဂိုးသမား အနီကဒ် ပြခံထိခဲ့၏။ Chelsea တို့ ပထမပိုင်း တပိုင်းလုံးနီးပါး တယောက်လျော့နှင့် ကစားခဲ့ရ၏။ ပထမပိုင်း ပြီးခါနီးမှာ United ကွင်းလယ် ကစားသမား Casemiro နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံရ၏။ ပထမပိုင်းမှာ United တို့ 2 ဂိုးပြတ်နဲ့ ဦးဆောင်ထားခဲ့၏။
ဒုတိယပိုင်းမှာတော့ 11 vs 10 မဟုတ်တော့ဘဲ 10 vs 10 ဖြစ်သွားခဲ့၏။ ပွဲက ပို၍ ကြည့်ကောင်းသွားခဲ့၏။ United အဖို့ ပထမပိုင်းတုန်းကလောက် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ မလုပ်နိုင်တော့ပေ။ ဧည့်သည် Chelsea ၏ တဖန်ပြန်လည် ဖိအားပေး ကစားမှုကို ခုခံနေရ၏။ ပထမပိုင်း United နှင့် ဒုတိယပိုင်း United က ဘာမှကို မဆိုင်နေခဲ့ပေ။
မိနစ် 80 မှာ Chelsea တို့ ချေပဂိုး တဂိုး ပြန်သွင်း၏။ ကိုယ်တွေမှာက ရင်တထိတ်ထိတ်နဲ့ နောက်တဂိုးများ ထပ်သွင်းကာ သရေများ ကျသွားလေမလားပေါ့။ ကံကောင်းလို့ 2-1 နဲ့သာ ပြီးသွားခဲ့၏။ နိုင်ခဲ့သည် ဆိုပေမယ့် ခြေစွမ်းပိုင်းက ယခင်လိုပဲ အားရစရာ မရှိနေသေးပေ။ Chelsea ဂိုးသမားသာ ထုတ်ပယ် မခံရဘဲ 11 vs 11 သာ ကစားရမယ်ဆိုရင် United အတွက် လွယ်မည် မဟုတ်ပေ။
မာဆေးဆိုက်ဒါဘီမှာတော့ အိမ်ရှင် Liverpool က ဧည့်သည် Everton ကို 2-1 ဖြင့် အနိုင်ရသွားခဲ့၏။ 5 ပွဲ ကစားပြီး 5 ပွဲနိုင်ဖြင့် ရာနှုန်းပြည့် အနိုင်ရလဒ် ရယူထားနိုင်ခဲ့၏။ မနေ့က ကစားခဲ့တဲ့ 6 ပွဲမှာ သရေ 2 ပွဲ၊ အနိုင်အရှုံး အဖြေပေါ်တာ 4 ပွဲ ရှိခဲ့၏။ အိမ်ရှင်တွေ နိုင်ပွဲက 2 ပွဲ၊ ဧည့်သည်တွေ နိုင်ပွဲက 2 ပွဲဖြစ်၏။
ဒီနေ့မှာ ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်ဟု ဆိုရမည့် Arsenal vs Man City တို့၏ ပွဲစဉ် ရှိနေ၏။ Liverpool ကို ဖိအားပေးနိုင်ဖို့ Arsenal တို့ အနိုင်ရယူဖို့ လိုသလို City အနေဖြင့်လည်း ဇယားထိပ်ပိုင်းနားလေးကို ပြန်လှမ်းလာနိုင်ဖို့ အတွက် လိုအပ်နေ၏။ ဒီနေ့မှာ Man United women vs Arsenal women တို့၏ WSL Round 3 ပွဲစဉ်လည်း ကစားသွားဖို့ ရှိနေ၏။
(photos from Premier League Page)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP