ကျေးဇူး တင်လွှာ

Thanks
..... ..... .....

Cygnus 6 Year Anniversary Cup လေးကတော့ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါပြီ။ လိုအပ်ချက်တွေ ရှိနေမှာ အသေအချာမို့ တစုံတရာ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရင်လည်း တောင်းပန်ပါတယ်။ နောက်ထပ် နောက်ထပ် ပြိုင်ပွဲတွေမှာတော့ လိုအပ်ချက်တွေကို ပြုပြင်ပြီး အကောင်းဆုံး ပုံစံတွေနဲ့ တင်ဆက်ပေးနိုင်ဖို့ ကြိုးစားပါ့မယ်။

ပြိုင်ပွဲ စတင်ချိန်မှ ပြီးစီးသည်အထိ ပါဝင်ပေးခဲ့ကြတဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒိုင်းဆု၊ ဆွဲပြားဆု၊ အကောင်းဆုံး ကစားသမားဆု တွေ Sponsor ပေးခဲ့ကြတဲ့ ကိုဖိုးသင်္ကြန်၊ ကိုညီ နှင့် ကိုရဲ တို့ကို ကျေးဇူးတင်ပါတယ်။ ဆုတံဆိပ်တွေ ဝယ်ယူပြီး တံဆိပ်ရိုက်အပ်ဖို့ကို ဇလဲကနေ တကူးတကကြီး တက်လာပြီး လာရောက်ပေးပါသော၊ ပြိုင်ပွဲကို ဘယ်လို ပုံစံလေး လုပ်မယ်လေဆိုပြီး ဦးဆောင်ပေးပါသော ဇလဲ ပွဲစားကြီး ဝလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ပြီးတော့ အလုပ်တွေဖျက်၊ အလုပ်တွေနားပြီး ဝင်ရောက် ယှဉ်ပြိုင်ကစားပေးကြတဲ့ Cygnus အသင်းသားတွေ၊ ပြီး ကွင်းထဲထိ တခုတ်တရ လာရောက်အားပေးကြတဲ့ Cygnet တွေနှင့် online ကနေ တဆင့် ကြည့်ရှုအားပေးကြပါသော သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။

နောက်နှစ် ပြိုင်ပွဲ ထပ်လုပ်ဖြစ်ခဲ့ရင်လည်း ခုထက် ပိုမို ကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ လုပ်ဆောင်နိုင်ဖို့ ကြိုးစားပါ့မယ်။ ဒီကြားထဲ တခြားသော ပြိုင်ပွဲတွေမှာလည်း ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေသေးတာမို့ ကျနော်တို့ Cygnus ကို ဆက်လက်ချစ်ခင် ဝေဖန် အားပေး ပါဦးလို့ တောင်းဆိုပါရစေ။

#ThankYouVeryMuch
#Cygnus6YearAniversaryCup
#WeareCygnus



0
0
0.000
2 comments