Match Week 23

မနေ့က မနက်ခင်း ပိုစ့်ပြောင်း တင်ဖြစ်နေခြင်း နှင့်ပတ်သက်ပြီး ရေးဖြစ်၏။ မနက်ပိုင်း ပိုစ့်တင်ခြင်းက ကျနော့် အတွက် အဆင်ပြေနေကြောင်းကိုပေါ့။ တရက်ကို ပြား ၅၀ နှင့် ၁ ဒေါ်လှကြား ရသည် ကြွယ်ထားပြီးမှ မနေ့က ပြား ၃၀ သာ ရလေ၏။ တခါတလေတော့လည်း အဲ့လိုလေးတွေ ကြုံတတ်ရ၏။ တချို့ရက်တွေ ၂ ဒေါ်လှ ဝန်းကျင်ရတတ်လို့ ဘဲစား ဘဲချေတော့ လုပ်လိုက်လို့ ရပါသေးတယ်လေ။ တချိန်တော့ voting အတွက် ပူစရာမလိုသည့် အခြေအနေမျိုး ရောက်လာတန် ကောင်းပါ၏။

ဒီနေ့မှာတော့ EPL Round 23 ပွဲစဉ်အနေနဲ့ ပွဲစဉ် ၅ ပွဲ ကစားသွားဖို့ ရှိနေပါတယ်။ Tottenham, Man City & Liverpool အစရှိသည့် အသင်းတွေ၏ ပွဲစဉ်များ ပါဝင်နေခဲ့၏။ Tottenham က Burnley နှင့် အဝေးကွင်း ပွဲစဉ် ကစားမည် ဖြစ်၏။ EPL မှာ ရလဒ်မကောင်းပေမယ့် UCL မှာတော့ Tottenham တို့ ခြေစွာနေ၏။ Dortmund ကို 2-0 ဖြင့် အနိုင်ရထား၏။ ထို potential ကို ယခု ပွဲစဉ်အထိ သယ်ဆောင်လာနိုင်မလား သို့မဟုတ် EPL မှာ ဒုန်ရင်းပဲ ဖြစ်နေမလားကတော့ ဆက်လက်စောင့်ကြည့်သွားရပေလိမ့်ဦးမည်။

တန်းဆင်းဇုန်ကနေ လွတ်ဖို့ ရုန်းရမယ့် West Ham အနေဖြင့် ဒီတပတ်မှာ Sunderland နှင့် ကစားသွားရမည် ဖြစ်၏။ Sunderland အနေဖြင့် ယူရိုပါလိဂ် သို့မဟုတ် ကွန့်ဖရန့်လိဂ် ဝင်ခွင့် ရနိုင်နေသေးသည်မို့ ယခုပွဲစဉ်ကလည်း ကြည့်ကောင်းပေလိမ့်ဦးမည်။ နောက်ပိုင်း ပွဲစဉ်မှာ ရလဒ်ပိုင်းတွေ ပြန်ကောင်းလာသည့် West Ham တို့ Sunderland ကို ကျော်ဖြတ်နိုင်မလားကတော့ စိတ်ဝင်စားစရာပင်။

အဆင့် ၁၁ နှင့် ၁၂ နေရာမှာ ကပ်လျက်ရှိနေကြသည့် Fulham vs Brighton ပွဲစဉ်လည်း ကစားဦးမည် ဖြစ်၏။ နှစ်သင်းလုံး နောက်ဆုံး ၅ ပွဲဆက် ၈ ဂိုးတိတိ သွင်းယူထားနိုင်၏။ Brighton အနေဖြင့် နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ တွေ့ကြုံထားခြင်း မရှိပေ။

Man City အနေဖြင့် အိမ်ကွင်းမှာ Wolves နှင့် ကစားရမည် ဖြစ်၏။ Wolves အသင်း အနေဖြင့် ရုန်းမယ်ဆိုကာမှ City နှင့် လာတွေ့နေရ၏။ Wolves တို့ United နှင့် သရေကျပြီး နောက်ပိုင်း ရှုံးပွဲ ထပ်တွေ့တာမျိုး မရှိသေးပေ။ City အနေနဲ့ က ပြီးခဲ့တပတ်မှာ Man United ကို 2-0 နှင့် ရှုံးခဲ့ပြီး ကြားရက် UCL မှာလည်း Bodo/Glimt ကို 3-1 ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ City တို့ အနေဖြင့် နိုင်ပွဲ နှင့်အတူ ပြန်လာနိုင်မလားကတော့ စောင့်ကြည့်ရပေလိမ့်မည်။

မနက် 12 နာရီမှာတော့ Bournemouth vs Liverpool တို့၏ ပွဲစဉ် ကစားသွားမည် ဖြစ်၏။ Liverpool တို့ အဆင့် ၄ နေရာကို ဆက်လက် ထိန်းထားနိုင်ဖို့ ယခုပွဲစဉ်ကို အနိုင်ကစားဖို့ လို၏။ အကယ်လို့ ရှုံးသွားခဲ့ရင် အဆင့် ၄ နေရာကို ဖယ်ပေးရလိုက်နိုင်၏။ မနက်ဖြန်မှာတော့ ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ် ဖြစ်သည့် Arsenal vs Man United တို့၏ ပွဲစဉ် ကစားသွားမည် ဖြစ်၏။

(photos from Premier League Page)



0
0
0.000
3 comments
avatar

မန်ယူကတော့ ​ကားရစ်လက်ထပ်မှာ ပိုပြီး အဆင်ပြေလာနိုင်မယ်လို့ မျှော်လင့်မိတယ်...

!PIZZA

0
0
0.000
avatar

မျှော်လင့်ရတာပါပဲလေ။

0
0
0.000