Super Sunday

မနေ့က EPL Round 13 ပွဲစဉ် 5 ပွဲ ကစားသွား၏။ ဒီနေ့ ကျန်သည့် 5 ပွဲ ကစား ကြမည် ဖြစ်၏။ Man City အနေနဲ့ Leeds ကို Foden ၏ 90+1 မိနစ်မှာ သွင်းယူခဲ့သည့် ဂိုးကြောင့် သရေကျမယ့် အရေးကနေ ရှောင်လွဲနိုင်ခဲ့လေ၏။ 3-2 ဂိုး ဆိုသည့် ရလဒ်ဖြင့် အနိုင်ရသွားခဲ့၏။ Sunderland ကလည်း Bournemouth ကို 3-2 ဖြင့် အနိုင်ရသွားခဲ့လေ၏။ မနေ့က ပွဲတွေ အားလုံး နှစ်သင်းပေါင်း သွင်းဂိုး 2 ဂိုး အထက် ပွဲစဉ်တွေချည်း ရလဒ် ထွက်ပေါ်ခဲ့၏။

သရေ ရလဒ် မရှိဘဲ ပွဲစဉ် အားလုံး အရှုံးအနိုင် အဖြေ ပေါ်ခဲ့၏။ ပြီးခဲ့တဲ့ တပတ်တုန်းက United ကို အဝေးကွင်းမှာ တယောက်လျော့ဖြင့် အနိုင်ကစားခဲ့သည့် Everton တို့ ဒီတပတ် ကိုယ့် အိမ်ကွင်းမှာ New Castle ကို 1-4 ဖြင့် ဂိုးပြတ် ရှုံးနိမ့် သွားခဲ့ရ၏။ လန်ဒန် မြို့ခံချင်း တွေ့သည့် Tottenham vs Fulham ပွဲစဉ်မှာတော့ ဧည့်သည် Fulham က 1-2 ဆိုသည့် ရလဒ်ဖြင့် အနိုင်ရသွားခဲ့၏။

ဒီနေ့မှာ Crystal Palace vs Man United တို့၏ ပွဲစဉ်လည်း ရှိနေပါသေး၏။ 3-5-2 တနည်းအားဖြင့် 3-4-3 ကစားကွက် တူသည့် နှစ်သင်း တွေ့ဆုံသည့် ပွဲ ဖြစ်၏။ ကစားကွက် တူပေမယ့် ရလဒ် အနေအထားချင်းက မတူနေပေ။ လက်ရှိမှာ Crystal Palace က United ၏ အထက်မှာ ရပ်တည်နေ၏။ အဆင့် 6 နဲ့ အဆင့် 12 အကယ်လို့ United သာ နိုင်ခဲ့ရင် Crystal Palace ရဲ့ အထက်မှာ ရပ်တည်ခွင့် ရမှာပါ။ အဆင့်တွေ ကွာနေပေမယ့် အမှတ်က သိပ်မကွာ နေလို့ပါ။ Crystal Palace က 20 United က 18 မှတ်ပါ။

အရင်တပတ်က အိမ်ကွင်းမှာ Everton ကိုသာ အနိုင် ကစားထားနိုင်ခဲ့ရင် ခုချိန်ဆို ဇယားထိပ်မှာ အေးအေးလူလူ နေနေရမှာပါ။ ခုတော့။ အများကြီး မမျှော်လင့်ထားရဲ ပေမယ့် ချစ်နေတော့လည်း ဆက်ချစ် ဆက်အားပေးရုံပေါ့။

ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ Liverpool ကတော့ West Ham နဲ့ အဝေးကွင်းမှာ ကစားသွားရဖို့ ရှိနေပါတယ်။ ဒီပွဲမှာပါ ရလဒ် ဆိုးသွားခဲ့ရင် နည်းပြ Slot အနေနဲ့ ရာထူးကနေ ထုတ်ပယ် ခံရကောင်း ခံရနိုင်ပါတယ်။

မြန်မာ စံတော်ချိန် ည 11 နာရီမှာတော့ ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲစဉ်လို့ ပြောလို့ရတဲ့ Chelsea vs Arsenal တို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ် ရှိနေပါတယ်။ ခုနောက်ပိုင်း ခြေစွာနေတဲ့ Chelsea အနေနဲ့ ဆင်ပျံကြီးကို ရပ်တန့် နိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ Chelsea သာ အနိုင်ရသွားရင် အမှတ်ကွာဟချက် ကျဉ်းမြောင်း သွားနိုင်ပေမယ့် Arsenal သာ အနိုင်ရသွားရင် အမှတ် ပိုဖြတ်ထားနိုင်မယ့်အပြင် စိတ်ဓါတ် ရေးရာမှာလည်း အမြင့်ဆုံး အနေအထားကို ရောက်သွားမှာပဲ ဖြစ်ပါတယ်။

(photos from Premier League Page)



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.
You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Be ready for the December edition of the Hive Power Up Month!
Hive Power Up Day - December 1st 2025
0
0
0.000